title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
ဗဟိုစာမျက်နှာ
<h1>ဝီကီပီးဒီးယားက ကြိုဆိုပါသည်။<h1> မည်သူမဆို ကြည့်ရှုပြင်ဆင်နိုင်သော အခမဲ့လွတ်လပ်စွယ်စုံကျမ်း ဖြစ်ပါသည်။ အကြောင်းအရာပေါင်း ခုကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။ အထူးအကြောင်းအရာ သတင်းများ ယနေ့ အထူးဓာတ်ပုံ ဝီကီပီးဒီးယားအကြောင်း ဝီကီပီးဒီးယားသည် သုံးစွဲသူများက ပူးပေါင်း၍ ရေးသားတည်းဖြတ်သော စွယ်စုံကျမ်းဖြစ်ပါသည်။ ဝီက...
https://my.wikipedia.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
အီလက်ထရွန်းနစ်
အီလက်ထရွန်းနစ်ဆိုသည်မှာ အီလက်ထရွန်များ အခြေခံကျသော နေရာမှ ပါဝင်သည့် လျှပ်စစ် စွမ်းအင် ကို မည်သို့ ထိန်းချုပ်ရမည် ဆိုသည်ကို လေ့လာသော သိပ္ပံပညာရပ် တစ်မျိုး ဖြစ်သည်။ အီလက်ထရွန်းနစ် သည် လျှပ်စစ်ပတ်လမ်းများနှင့် ၎င်းတို့ အချင်းချင်း မည်သို့ ဆက်သွယ်လုပ်ကိုင်သည် ဆိုသော နည်းပညာများကို လေ့လာသည့် ပညာ ဖြစ်သည်။ ထိုလျှပ်စစ်ပတ်လမ်းမ...
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AE%E1%80%9C%E1%80%80%E1%80%BA%E1%80%91%E1%80%9B%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA
ပထဝီဝင်
ပထဝီဝင် ဆိုသည်မှာ ကမ္ဘာမြေ နှင့်တကွသော အစိတ်အပိုင်းများ၊ ဆက်စပ် မှီတင်းသောအရာများ နှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို လေ့လာသော ဘာသာရပ်တခုဖြစ်သည်။ ကမ္ဘာမြေ၏ အစိတ်အပိုင်း (ရူပ ပထဝီဝင်) ဆိုရာ၌ တိုက်ကြီးများ၊ ပင်လယ်၊ သမုဒ္ဒရာ၊ မြစ်၊ ချောင်းများ နှင့် တောင်များ စသည်တို့ကို ဆိုလိုသည်။ ဆက်စပ်မှီတင်းသောအရာများမှာ သက်ရှိများ ဖြစ်သော...
https://my.wikipedia.org/wiki/%E1%80%95%E1%80%91%E1%80%9D%E1%80%AE%E1%80%9D%E1%80%84%E1%80%BA
အာရှ
အာရှတိုက်သည် ကမ္ဘာပေါ်ရှိတိုက်ကြီးများတွင် အကြီးဆုံးနှင့် လူဦးရေအထူထပ်ဆုံးဖြစ်သည်။ အာရှတိုက်ကို အာဖကာယူရေး‌ရှား၏ ကုန်းမြေ အစိတ်အပိုင်းဟု ခေါ်ဆိုလေ့ရှိကြသည်။ စူးအက်တူးမြောင်း၏ ရှေ့ဘက်၊ ယူရယ်တောင်တန်းများ၏ အရှေ့ဘက်၊ ကော့ကေးဆပ်တောင်တန်း၊ ကက်စပီယန်ပင်လယ်နှင့် ပင်လယ်နက်တို့၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ အာရှတိုက်သည် ကမ္ဘာ့မ...
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE
မြန်မာ့အမျိုးသားခေါင်းဆောင်များ
အောင်ဆန်း သခင်ကိုယ်တော်မှိုင်း အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးသမားများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ရူပဗေဒ
ရူပဗေဒ၏ အင်္ဂလိပ်စကားလုံး Physics သည် နှင့် phúsis "သဘာဝ" တို့မှ ဆင်းသက်လာသည်။ ရူပဗေဒသည် သဘာဝတရား၏ သိပ္ပံပညာ ဖြစ်ပြီး စကြဝဠာ၏ အခြေခံပစ္စည်းများအကြောင်း၊ ၎င်းတို့၏ တစ်ခုပေါ်တစ်ခု အားသက်ရောက်မှုနှင့် အပြန်အလှန်ဆက်နွယ်နေမှု ၎င်းတို့မှရလာသော အဆုံးသတ်ဖြစ်ပေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းသော ဘာသာရပ်ဖြစ်သည်။ ရူပဗေဒ (Physi...
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B0%E1%80%95%E1%80%97%E1%80%B1%E1%80%92
သမိုင်း
သမိုင်းဆိုသည်မှာ လူသားတို့၏ အတိတ်ကာလကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ စာရေးသားခြင်းကို တီထွင်ပြီးသည့်နောက်တွင် သမိုင်းပေါ်ပေါက်လာခဲ့သည်ဟုလည်း ဆိုနိုင်သည်။ သမိုင်းကို ရေးသားသော ပညာရှင်များကို သမိုင်းပညာရှင်ဟု ခေါ်ဆိုလေ့ရှိကြသည်။ ၎င်းမှာ ပြန်ပြောင်းပြောဆိုချက်များကို အသုံးပြု၍ ဆက်တိုက်ဖြစ်ပျက် ခဲ့သော အဖြစ်အပျက်များကို စစ်ဆေးခ...
https://my.wikipedia.org/wiki/%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
ပုဂံခေတ်
ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို့ ဗမာတိုင်းရင်းသားများ ရောက်လာပြီးနောက်တွင် တဖြည်းဖြည်းနှင့် အင်အားအကြီးဆုံး အနေအထားသို့ ရောက်ချိန်ဖြစ်ပြီး ယနေ့ မြန်မာနိုင်ငံနီးပါးမျှ ကျယ်ဝန်းသည့် ပိုင်နက်ကိုလည်း သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့သည်။ ပျူတို့နောက်တွင် ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်နိုင်ခြင်းဖြစ်သည်။ ပုဂံခေတ်ကာလကို သက္ကရာ...
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%82%E1%80%B6%E1%80%81%E1%80%B1%E1%80%90%E1%80%BA
တန္တရအယူဝါဒ
တန္တရအယူဝါဒ () သည် အိန္ဒိယနိုင်ငံတွင် ရှေးက ထွန်းကားခဲ့သည့် ယုံကြည်ကိုးကွယ်မှု တစ်မျိုးဖြစ်သည်။ ကန္တရစ်ကျမ်းများကို သက္ကတဘာသာနှင့် ရေးသားထားခဲ့၍ တန်ခိုးဣဋိပါဒ်နှင့် ဆိုင်သော မန္တာန်၊ မန္တရား၊ အင်းအိုင်လက်ဖွဲ့များကို အသုံးပြုခဲ့ကြသည်။ မြန်မာနိုင်ငံ အနော်ရထာမင်း လက်ထက်မတိုင်မီက ပုဂံတွင် မဟာယာနဗုဒ္ဓဘာသာ ကိုးကွယ်မှု၊ အရည်...
https://my.wikipedia.org/wiki/%E1%80%90%E1%80%94%E1%80%B9%E1%80%90%E1%80%9B%E1%80%A1%E1%80%9A%E1%80%B0%E1%80%9D%E1%80%AB%E1%80%92
ကုန်းဘောင်ခေတ်
ကုန်းဘောင်ခေတ်သည် မြန်မာတို့၏ နောက်ဆုံးကိုယ်ပိုင်အုပ်ချုပ်ရေးကို ရခဲ့သည့်ခေတ်နှင့် ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းရန် အကောင်းဆုံး အခွင့်အရေးရခဲ့သည့်ခေတ်လည်း ဖြစ်ခဲ့သည်။ အောက်ပြည်အရပ်တွင် မွန်တို့ကို အောင်နိုင်ပြီး ပင်လယ်ထွက်ပေါက်ရရှိခဲ့ခြင်း၊ ရခိုင်ကိုသိမ်းပိုက်ပြီး အနောက်ဘက် မဏိပူရ အထိ အာဏာကြီးခြင်း (ထို့ကြောင့် အိန္ဒိယ...
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%81%E1%80%B1%E1%80%90%E1%80%BA
အလောင်းမင်းတရား
အလောင်းမင်းတရား (ဝါ) အလောင်းဘုရား; (၂၄ ဩဂုတ် ၁၇၁၄ - ၁၁ မေ ၁၇၆၀) ၏ အမည်ရင်းမှာ ဦးအောင်ဇေယျ ဖြစ်သည်။ ထီးနန်းမစိုးစံခင်အချိန်က မုဆိုးဖိုရွာ၏ ရွာသူကြီးဖြစ်ပြီး ကုန်းဘောင်မင်းဆက် တတိယမြန်မာဧကရာဇ်နိုင်ငံတော် ကို စည်းရုံးထူထောင်သောမင်း ဖြစ်သည်။ အလောင်းမင်းတရားသည် ရွှေဘိုမြို့မှအစပြုပြီး မြန်မာတနိုင်ငံလုံး သိမ်းပိုက်မင်းပြုခ...
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9C%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%9B%E1%80%AC%E1%80%B8
နောင်တော်ကြီးမင်း
နောင်တော်ကြီးမင်း(ခေါ်) ဒီပဲယင်းမင်း(ခေါ်)စစ်ကိုင်းမင်း (၁၀ ဩဂုတ် ၁၇၃၄ -၂၈ နိုဝင်ဘာ ၁၇၆၃) သည် အလောင်းမင်းတရား၏ သားတော်အကြီးဆုံးဖြစ်သည်။ အလောင်းမင်းတရားလက်ထက်တွင် အိမ်ရှေ့မင်းဖြစ်ခဲ့ပြီး အလောင်းမင်းတရားကွယ်လွန်ချိန်တွင် ထီးနန်းဆက်ခံခဲ့သည်။ မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီးသည်...
https://my.wikipedia.org/wiki/%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8
ပညတ်တော်ဆယ်ပါး
ဓမ္မဟောင်းကျမ်းတွင် ရေးသားထားသော ပညတ်တော် (၁၀)ပါးကို ထွက်မြောက်ရာကျမ်း အခန်း ၂၀ တွင် ရှိသည်။ ထိုအခါ ဘုရားသခင် မိန့်တော်မူသော စကားများဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုးကောင်းကင်၌၊ အောက်အရပ် မြေကြီးပေါ်၌၊ မြေကြီးအောက်ရေထဲ၌ ရ...
https://my.wikipedia.org/wiki/%E1%80%95%E1%80%8A%E1%80%90%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%86%E1%80%9A%E1%80%BA%E1%80%95%E1%80%AB%E1%80%B8
မြောက်အမေရိက
မြောက် အမေရိက တိုက်သည် ကမ္ဘာ ဂြိုဟ်၏ မြောက် ဗဟိုခြမ်းတွင် တည်ရှိသည်။ မြောက်ဘက်မှ အာတိတ် သမုဒ္ဒရာ၊ အရှေ့ဘက်မှ မြောက် အတ္တလန္တိတ် သမုဒ္ဒရာ၊တောင်ဘက်မှ ကာရစ်ဘီ ယံပင်လယ်နှင့် အနောက်ဘက်မှ မြောက် ပစိဖိတ် သမုဒ္ဒရာ တို့က ထိုတိုက်ကို ဝန်းရံထားသည်။ ဧရိယာအကျယ်အဝန်းမှာ ၂၄၅၀၀၀၀၀စတုရန်းကီလိုမီတာ သို့မဟုတ် ၉၅၄၀၀၀၀စတုရန်းမိုင်ဖြစ်ပြီး ...
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%99%E1%80%B1%E1%80%9B%E1%80%AD%E1%80%80
Beatitudes
ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။ ၂ ထိုအခါ နှုတ်တော်ကို ဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒပေးတော်မူသည်မှာ ၃ စိတ်နှလုံး နှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံတော် ဖြစ်...
https://my.wikipedia.org/wiki/Beatitudes
Sermon on the Mount
တောင်းပေါ်ဒေသနာ ဆားနှင့်အလင်း ရှင်မဿဲ ၅း၁၃-၁၆ ၁၃သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာ ကို အဘယ်သို့ရပြန်မည်နည်း။ ပြင်သို့ပစ်လိုက်၍ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။ ၁၄သင်တို့သည် ဤလော က၏အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကိုမကွယ်နိုင်။ ၁၅ဆီမီးထွန်း၍ တောင်းဇလား အောက်၌ဖုံးထားလေ့မရှိ။...
https://my.wikipedia.org/wiki/Sermon%20on%20the%20Mount
Lord's Prayer
သင်သည် ဆုတောင်းပဋ္ဌာနာ ပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းင‍ှာ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းင‍ှာအလိုရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။ သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှ...
https://my.wikipedia.org/wiki/Lord%27s%20Prayer
စစ်မှန်သောယေရှုဘုရား၏အသင်းတော်
စစ်မှန်သောယေရှုဘုရား၏အသင်းတော် (True Jesus Church)သည် သီးခြားရပ်တည်သော ခရစ်ယာန်ကျောင်းတော်ဖြစ်ပြီး (တရုတ်)နိုင်ငံ ပီကင်းမြို့တွင် ၁၉၁၇-ခုနှစ်၌ စတင်တည်ထောင်သည်။ ယခုလက်ရှိတွင် နိုင်ငံပေါင်း (၄၅)နိုင်ငံ၌ အသင်းသား ၁.၅-သန်းခန့် ရှိသည်။ ဤကျောင်းတော်သည် ၂၀-ရာစု အစောပိုင်းတွင် ပေါ်ပေါက်လာသော ခရစ်ယာန်ဘာသာ ပန်တီကိုစတယ်ကျောင်းခွဲ...
https://my.wikipedia.org/wiki/%E1%80%85%E1%80%85%E1%80%BA%E1%80%99%E1%80%BE%E1%80%94%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC%E1%80%9A%E1%80%B1%E1%80%9B%E1%80%BE%E1%80%AF%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8%E1%81%8F%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ဓမ္မသစ်ကျမ်း
ဓမ္မသစ်ကျမ်း (New Testament) ၂၇ အုပ်ကို ရေးသားပြုစုသူအသီးသီးက နေရာ အချိန် တကွဲတပြားစီ ရေးသားခဲ့ကြသည်။ ဓမ္မဟောင်းကျမ်း (Old Testament) နှင့်မတူသည်မှာ ဓမ္မသစ်ကျမ်းကို အချိန်ဘောင်တစ်ခုအတွင်း၌၊ ရာစုနှစ်တစ်ခု မကျော်သော c. AD 50 မှ c. AD 125 အတွင်း ရေးခဲ့ကြခြင်းဖြစ်သည်။ အောက်ပါတို့မှာ ဓမ္မသစ်ကျမ်းစာရင်းဖြစ်သည်။ ခရစ်ယာန်ဘာသာ
https://my.wikipedia.org/wiki/%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%9E%E1%80%85%E1%80%BA%E1%80%80%E1%80%BB%E1%80%99%E1%80%BA%E1%80%B8
အမေရိကန်ပြည်ထောင်စု
အမေရိကန်ပြည်‌ထောင်‌စုကို ပုံမှန်အားဖြင့် United States, the U.S., the U.S.A., the States, the America စသည်ဖြင့် ရည်ညွှန်းခေါ်ဆိုလေ့ရှိကြကာ ဖွဲ့စည်းပုံအရ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ်အခု ၅၀ နှင့် ပြည်ထောင်စုနယ်မြေတစ်ခု ပါဝင်သည်။ အမေရိကန်ပြည်ထောင်စုသည် မြောက်အမေရိကအလယ်ပိုင်းတွင် အဓိကတည်ရှိပြီး ထိုနေရာတွ...
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%B1%E1%80%9B%E1%80%AD%E1%80%80%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF
ဓမ္မဟောင်းကျမ်း
ဓမ္မဟောင်းကျမ်းဆိုသည်မှာ ခရစ်ယာန်ဘာသာတွင် ခရစ်တော်(ယေရှုခရစ်)၏ ခရစ်ယာန် ဝါဒသစ်မစတင်မှီက ရှိနှင့်ပြီးသော ကမ္ဘာဦးအစမှ အာဒံ၊ ဧဝတို့မှစကာ ဂျူးလူမျိုး တမန်တော်၊ ပရောဖတ် အသီးသီးတို့က အစဉ်တစိုက် ဟောကြားပို့ချခဲ့သည့် ဘုရားသခင်၏ ဩဝါဒများ၊ အဆုံးအမများကို မှတ်တမ်းတင်ထားသည့် ကျမ်းဖြစ်သည်။ ခရစ်ယာန်တို့အတွက် ခရစ်တော်ပေါ်ထွန်းပြီးနော...
https://my.wikipedia.org/wiki/%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%9F%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%99%E1%80%BA%E1%80%B8
ထူးအိမ်သင်
ထူးအိမ်သင်သည် ၁၉၈၀ ခုနှစ်လယ်များတွင် မြန်မာ့ဂီတလောက၌ ပေါ့ဂီတကို အသွင်တမျိုးဖြင့် ယူဆောင်ပေးသည့် ကျော်ကြားသော အဆိုတော် တေးရေးဆရာတစ်ယောက်ဖြစ်သည်။ အနုပညာသက်တမ်း ၁၈ နှစ်တာကာလအတွင်း တကိုယ်တော် အယ်လ်ဘမ် ၁၄ ခုထိ ထုတ်လုပ်ခဲ့ပြီး သူ၏ အနုပညာလက်ရာများသည် မြန်မာပရိသတ်များကြားတွင် ယနေ့တိုင် လွှမ်းမိုးနေဆဲဖြစ်သည်။ ကိုယ်ရေးကိုယ်တာ ...
https://my.wikipedia.org/wiki/%E1%80%91%E1%80%B0%E1%80%B8%E1%80%A1%E1%80%AD%E1%80%99%E1%80%BA%E1%80%9E%E1%80%84%E1%80%BA
ဂီယာ
ဂီယာဆိုသည်မှာ စွမ်းအင်ထုတ်လုပ်သည့်ကိရိယာ (transmission device)တစ်ခု အတွင်းတွင် ပါရှိသော ကိရိယာဖြစ်ပြီး အခြားဂီယာ သို့မဟုတ်ကိရိယာများသို့ လည်အား (rotational force) ကို လွှဲပြောင်းပေးနိုင်သည့် ပစ္စည်းဖြစ်သည်။ ဂီယာနှင့် စက်သီးတို့ ကွဲပြားခြားနားချက်မှာ ဂီယာသည် စက်ဝိုင်းပုံသဏ္ဌန်ပင် ဖြစ်သော်လည်း သူ၏ ဘီးများတွင် အခြားဂီယာ၏ ...
https://my.wikipedia.org/wiki/%E1%80%82%E1%80%AE%E1%80%9A%E1%80%AC
စက်ပစ္စည်း အစိတ်အပိုင်းများ
ဂီယာ(Gear) လီဗာ (Lever) စက်သီး (Pulley) စပရင် (Spring) ခါးပတ် (Belt) ဘယ်ရင်‌ (Bearing) စက်များ စက်မှုအင်ဂျင်နီယာ ဘာသာရပ်
https://my.wikipedia.org/wiki/%E1%80%85%E1%80%80%E1%80%BA%E1%80%95%E1%80%85%E1%80%B9%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%20%E1%80%A1%E1%80%85%E1%80%AD%E1%80%90%E1%80%BA%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ဆက်သွယ်ရေးစနစ်
ဆက်သွယ်ရေးစနစ် ဆိုသည်မှာ အချက်ပြလှိုင်း (Signals) များကို အကွာအဝေးတစ်ခုအတွင်း ဆက်သွယ်ရန် ထုတ်လွှင့်ခြင်းဖြစ်သည်။ ယနေ့ခေတ်အခါတွင် ထိုလုပ်ဆောင်မှုတွင် လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic Waves) များကို ထုတ်လွှင့်စက် (Transmitter) မှ ထုတ်လွှင့်ခြင်း အမြဲလိုပင် ပါဝင်လေ့ရှိသော်လည်း ရှေးအခါက မီးခိုးအချက်ပြမှု၊ ဗုံဖြင့်အခ...
https://my.wikipedia.org/wiki/%E1%80%86%E1%80%80%E1%80%BA%E1%80%9E%E1%80%BD%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%85%E1%80%94%E1%80%85%E1%80%BA
သစ်ခွ
သစ်ခွ (Orchidaceae) သည်ပန်းပွင့်သောအပင် မိသားစုများထဲတွင်အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံး မိသားစုဖြစ်ပြီး မျိုးကွဲ (genera) ပေါင်း ၈၀၀ကျော်နှင့် မျိုးစိတ် (species) ပေါင်း ၁၅၀၀၀ကျော်ရှိသည်။ အချို့ကမျိုးစိတ်ပေါင်း ၃၀၀၀၀ ကျော်ရှိသည်ဟု ဆိုကြသည်။ သို့သော်ပညာရှင်အသိုင်းအဝိုင်းတွင်မျိုးခွဲစန်းဆစ်ခြင် (classification) အလွန်ပင...
https://my.wikipedia.org/wiki/%E1%80%9E%E1%80%85%E1%80%BA%E1%80%81%E1%80%BD
တရုတ်
တရုတ် ဆိုသည်မှာ China သို့မဟုတ် Chinese ကို မြန်မာဘာသာဖြင့် ခေါ်ဆိုခြင်း ဖြစ်သည်။ တရုတ်၏အဓိပ္ပာယ်များ တရုတ်လူမျိုး တရုတ်ဘာသာ တရုတ်စာ တရုတ်သမိုင်း တရုတ်အစားအစာ တရုတ်ဟင်းလျာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်း) စိန့်တိုင်း - မြန်မာဘာသာ 'တရုတ်' ပေါရာဏ တရုတ်ယဉ်ကျေးမှု တရုတ်ဂီတ တရုတ်အမည် တရု...
https://my.wikipedia.org/wiki/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA
အာဖရိက
အာဖရိက သည် ကမ္ဘာပေါ်တွင် အာရှတိုက် ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးနှင့် ဒုတိယမြောက် လူဦးရေအများဆုံး တိုက်ကြီးဖြစ်သည်။ ကျွန်းများကိုပါ ထည့်တွက်လျှင် အကျယ်အဝန်း အားဖြင့် ၃၀.၂ သန်း စတုရန်းကီလိုမီတာ (စတုရန်းမိုင် ၁၁.၇ သန်း) မျှ ကျယ်ဝန်းပြီး ကမ္ဘာ့မျက်နှာပြင် စုစုပေါင်း၏ ၆ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်းမြေ စုစုပေါင်း၏ ၂၀.၄ ...
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%96%E1%80%9B%E1%80%AD%E1%80%80
ဥရောပ
ဥရောပဆိုသည်မှာ ခေါ်ဝေါ်သတ်မှတ်ချက်အရ ကမ္ဘာပေါ်ရှိ တိုက်ကြီး (၇) တိုက်တွင် တစ်ခုဖြစ်သည်။ ယူရေးရှား ကုန်းမြေပြင်ကြီး၏ အနောက်ဘက်ဆုံး အပိုင်းပါဝင်သည်။ ဥရောပနှင့် အာရှကို စည်းခြားထားသော နေရာများမှာ ယူရယ်တောင်တန်း နှင့် ကော့ကေးဆပ်တောင်တန်း၊ ယူရယ်မြစ်၊ ကက်စပီယံပင်လယ် နှင့် ပင်လယ်နက်၊ ပင်လယ်နက်နှင့် အေဂျင်ပင်လယ်တို့ကို ဆက်သွယ်...
https://my.wikipedia.org/wiki/%E1%80%A5%E1%80%9B%E1%80%B1%E1%80%AC%E1%80%95
အိုရှန်းနီးယား
အိုရှန်းနီးယား (; သို့မဟုတ် ), Oceanica ဟုလည်း ခေါ်ဆို) ဆိုသည်မှာ ပင်လယ်သမုဒ္ဒရာများအတွင်းတွင် အသီးသီးပြန့်ကျဲနေသော ကျွန်းကြီးကျွန်းငယ်များ အသီးသီးဖြင့် ဖွဲ့စည်းထားသည့် အစုအဝေးကြီးကို ဆိုလိုသည်။ ထိုထက် တိကျစွာဆိုရလျှင် ပစိဖိတ်သမုဒ္ဒရာအတွင်းတွင် ရှိသော အင်ဒိုနီးရှား နှင့် ဩစတြေးလျ နိုင်ငံများမှ တောင်အမေရိကတိုက်ကြားရှိ ...
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD%E1%80%AF%E1%80%9B%E1%80%BE%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8
ကမ္ဘာမကျေ
ကမ္ဘာမကျေသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းဖြစ်သည်။ သီချင်း၏ အစပိုင်း(ခြေဆင်း) ကို မြန်မာ့ရိုးရာသံစဉ်ဖြင့် တီးခတ်ထားခဲ့သည်။ ထို့နောက် အနောက်တိုင်းဂီတသံစဉ်သို့ ပြောင်းလဲ တီးခတ်ထားသည်ကို တွေ့ရသည်။ ဤသီချင်းစာသား၊ သံစဉ်များကို ဝိုင်အမ်ဘီ ဆရာတင်ခေါ် သခင်တင် ရေးစပ်သီကုံးထားခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် စက်တင်ဘာ ၂၂ တွင် တိ...
https://my.wikipedia.org/wiki/%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%99%E1%80%80%E1%80%BB%E1%80%B1
လများ (အချိန်အတိုင်းအတာ)
လသည် ကမ္ဘာကို လှည့်ပတ်သွားလာရာမှ ကမ္ဘာမှ ကြည့် လျှင် လဆန်းတစ်ခုမှ နောက် လဆန်းတစ်ခုသို့ ရောက်အောင် ရက်ပေါင်း ၂၉ ရက် ၁၂ နာရီ၊ ၄၄ မိနစ်၊ ၂ ့၈ စက္ကန့်ကြာ ရ၍ ထိုမျှကြာသော ရက်အပိုင်းအခြားကို တစ်လဟု ခေါ်သည်။ ဤသို့ လသွားကို အစွဲပြု၍ သတ်မှတ်ထားသောကြောင့် ယင်း လကို စန္ဒရမာသဟု ခေါ်သည်။ ယင်းသည့်လပေါင်း ၁၂ လကို တစ်နှစ်ဟု သတ်မ...
https://my.wikipedia.org/wiki/%E1%80%9C%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%20%28%E1%80%A1%E1%80%81%E1%80%BB%E1%80%AD%E1%80%94%E1%80%BA%E1%80%A1%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%90%E1%80%AC%29
နေ့စွဲများ
တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ရာဟု ကြာသပတေး သောကြာ စနေ လများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%B1%E1%80%B7%E1%80%85%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
မောင်ရင်မောင်မမယ်မ (ဝတ္ထု)
မောင်ရင်မောင် မမယ်မ ဝတ္ထုသည် မြန်မာ့စာပေဂန္ထဝင်၌ ပထမဦးဆုံးသော မြန်မာ့ကာလပေါ် ဝတ္ထုဖြစ်ပြီး စာ‌ရေးဆရာကြီး ဂျိမ်းစ်လှကျော် ရေးသားခဲ့သည်။ ယင်းဝတ္ထုသည် ပြင်သစ်စာရေးဆရာကြီး အယ်လက်ဇန္ဒား ဒျူးမား ရေးသားသော ကောင့်အော့ မွန်တီကရစ္စတို (မွန်တီကရစ္စတို မြို့စားကြီး) ဝတ္ထုကိုမှီငြမ်း၍ မြန်မာတို့၏ အခြေ၊ မြန်မာတို့၏ အမြင်နှင့် ဆီလျော...
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%84%E1%80%BA%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%99%E1%80%9A%E1%80%BA%E1%80%99%20%28%E1%80%9D%E1%80%90%E1%80%B9%E1%80%91%E1%80%AF%29
ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာသည် ကိုးကွယ်ရာဘာသာတရား လည်းကောင်း၊ သင်ယူလိုက်နာကျင့်ကြံရာ 'ဓမ္မ' လည်းကောင်း ဖြစ်သည်။ ဗုဒ္ဓဟောကြားခဲ့သော အယူဝါဒများ ဖြစ်၍ 'ဗုဒ္ဓဝါဒ' ဟူ၍လည်းကောင်း၊ ဗုဒ္ဓ၏သင်ကြားမှုများဟု အဓိပ္ပာယ်ရသော 'ဗုဒ္ဓသာသနာ' ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ဗုဒ္ဓဘာသာတွင် ဂေါတမ ဗုဒ္ဓ၏ သင်ကြားဆုံးမမှုများကို အခြေခံသည့် များစွာသော ရိုးရာဓလေ့ထုံး...
https://my.wikipedia.org/wiki/%E1%80%97%E1%80%AF%E1%80%92%E1%80%B9%E1%80%93%E1%80%98%E1%80%AC%E1%80%9E%E1%80%AC
ရဲဘော်သုံးကျိပ်
ဒို့ဗမာအစည်းအရုံးမှဦးဆောင်၍ မျိုးချစ်လူငယ်များက အင်္ဂလိပ်အစိုးရကို တော်လှန်ရန်ကြိုးစားခဲ့သည်။ ပြည်ပအကူညီယူ၍ဂျပန်၌ စစ်ပညာသင်ကြားခဲ့ကြသည်။ ထိုစစ်ပညာသင်များကို ရဲဘော်သုံးကျိပ် ဟုခေါ်ခဲ့ကြသည်။ ၁၉၄၀ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင် (နောင်အခါ ဗိုလ်ရန်အောင် ဟုထင်ရှားသူ) တို့ မြန်မာပြည်မှ နော်ဝေးနိုင်င...
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B2%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%80%E1%80%BB%E1%80%AD%E1%80%95%E1%80%BA
နယူးဇီလန်နိုင်ငံ
နယူးဇီလန်သည် ပစိဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ဘက်ပိုင်းတွင် ရှိသော ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြောက်ဘက်ကျွန်းနှင့် တောင်ဘက်ကျွန်းဟူသော ကုန်းမြေကြီး ၂ ခု နှင့် စတူးဝတ်ကျွန်း/ရာကီအူရာနှင့် ချသန်ကျွန်းများ စသည့် ကျွန်းများ အပါအဝင် ကျွန်းငယ်လေးများစွာပါဝင်သည်။ အစကနဦးနေထိုင်သူ မောင်အိုရီလူမျိုးတိုက နယူးဇီလန်ကို Aotearoa ဟု...
https://my.wikipedia.org/wiki/%E1%80%94%E1%80%9A%E1%80%B0%E1%80%B8%E1%80%87%E1%80%AE%E1%80%9C%E1%80%94%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
အစ္စလာမ်ဘာသာ
အစ္စလာမ် (အာရပ်ဘာသာဖြင့်-အလ်-အစ္စလာမ် (الإسلام‎ al-’islām )၊ အသံထွက် (အစ္စလာမ်) [ʔislæːm] (နားဆင်ရန်)[မှတ်ချက် ၁])သည် ကိုးကွယ်ယုံကြည်သူ နောက်လိုက်များက ဘုရားသခင်(အလ္လာဟ်)၏ အမိန့်တော်အဖြစ် သတ်မှတ်ထားခြင်းခံထားရသည့် ကုရ်အာန်ကျမ်းစာနှင့် အစ္စလာမ်ဘာသာ၏ နောက်ဆုံးတမန်တော်ဖြစ်သော မုဟမ္မဒ်၏ သင်ကြားပို့ချချက်များ(ဟဒီးဆ်)နှင့် အ...
https://my.wikipedia.org/wiki/%E1%80%A1%E1%80%85%E1%80%B9%E1%80%85%E1%80%9C%E1%80%AC%E1%80%99%E1%80%BA%E1%80%98%E1%80%AC%E1%80%9E%E1%80%AC
မြန်မာ (သံတူကြောင်းကွဲ)
မြန်မာ၏အဓိပ္ပာယ်များ မြန်မာပြည် မြန်မာဘာသာစကား မြန်မာအက္ခရာ ဗမာလူမျိုး မြန်မာနာရီ မြန်မာ့အလင်း - မြန်မာ အစိုးရပိုင် သတင်းစာ မြန်မာတိုင်း(မ်) - အင်္ဂလိပ်နှင့် မြန်မာဘာသာ အပတ်စဉ် သတင်းစာ မြန်မာ့လေကြောင်း - မြန်မာအစိုးရပိုင် လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီ မြန်မာနိုင်ငံ၏စီးပွားရေး မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး...
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%20%28%E1%80%9E%E1%80%B6%E1%80%90%E1%80%B0%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BD%E1%80%B2%29
အောင်ဆန်း
ဗိုလ်ချုပ်အောင်ဆန်း ()သည် မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်၊အမျိုးသားအာဇာနည်ခေါင်းဆောင်၊တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ စစ်သေနာပတိတစ်ဦးဖြစ်သည်။ အောင်ဆန်းသည် မြန်မာသက္ကရာဇ် ၁၂၇၆-ခု၊ တပေါင်းလဆန်း (၁)ရက် (ခရစ်သက္ကရာဇ် ၁၉၁၅-ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်) စနေနေ့ နံနက်လင်းအားကြီးချိန်တွင် နတ်မောက်မြို့၌ အဖရှေ့နေဦးဖာနှင့် အမိကုန်...
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%86%E1%80%94%E1%80%BA%E1%80%B8
မော်လမြိုင်မြို့
မော်လမြိုင်မြို့ (၊ (သတ်ပုံဟောင်း – Moulmein)) သည် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ရန်ကုန်မြို့မှ ကီလိုမီတာ ၃၀၀ (၁၈၅ မိုင်) ကွာဝေးပြီး သထုံမြို့မှ ၇၀ ကီလိုမီတာ အသီးသီး ကွာဝေးကြသည်။ ဤမြို့သည် သံလွင်မြစ်ဝ၏ ဝဲဖက်ကမ်းပေါ်တွင် တည်ရှိပြီး မြန်မာ့အရှေ့တောင် ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ အောက်ပိုင်းသို့ ရေ...
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မုတ္တမမြို့
မုတ္တမ သည် မြန်မာနိုင်ငံ မွန်ပြည်နယ် သထုံခရိုင်၌ တည်ရှိသော မြို့တစ်ခုဖြစ်သည်။ မွန်ပြည်နယ် မော်လမြိုင်မြို့၏ အနောက်မြောက်၊ နှစ်မိုင်နီးပါးခန့်အကွာတွင် တည်ရှိပြီး သံလွင်မြစ်ကခြားထားသော ကျေးရွာတစ်ရွာဖြစ်သည်။ မုတ္တမသည် ရှေးအခါက အလွန်ထင်ရှားကျော်စောခဲ့သော မဂဒူးမင်းဆက် (ခ)ဝါရီရူမင်းဆက်ခေါ် ဟံသာဝတီပဲခူး မင်းဆက်စတင်တည်ထောင်သ...
https://my.wikipedia.org/wiki/%E1%80%99%E1%80%AF%E1%80%90%E1%80%B9%E1%80%90%E1%80%99%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
စိုးဝင်း၊ ဗိုလ်ချုပ်ကြီး
ဗိုလ်ချုပ်ကြီးစိုးဝင်း (၁၀ မေ ၁၉၄၇ ’ ၁၂ အောက်တိုဘာ ၂၀၀၇) သည် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သည်။ သူ့အား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဥက္ကဋ္ဌ နှင့် နီးစပ်သူတစ်ဦး ဖြစ်သူဟု ဆိုကြသည်။ သူသည် သူ၏ ရှေ့မှ ဝန်က...
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%81%8A%20%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
မြန်မာနိုင်ငံ၏ နိုင်ငံရေး
၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနစ်အထိ မြန်မာနိုင်ငံသည် 'နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ'ဟု အမည်တပ်ထားသည့် စစ်အစိုးရက ထိန်းချုပ်ထားသော စစ်အာဏာရှင်အုပ်စိုးသည့် နိုင်ငံတစ်ခုဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြောက်ခဲ့သော်လည်း ယင်းကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အရပ်ဘက...
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8F%20%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%9B%E1%80%B1%E1%80%B8
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ( (SPDC)) သည် ၂၀၁၁ခုနှစ်မတိုင်မီ အုပ်ချုပ်ခဲ့​သော မြန်မာစစ်အစိုးရ၏ အုပ်ချုပ်​ရေးအဖွဲ့အစည်းဖြစ်သည်။ နအဖ သည် ၁၉၈၈ ခုနှစ် အာဏာသိမ်း အုပ်ချုပ်​ရေးအဖွဲ့ဖြစ်​သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ​ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်သည်။ နဝတသည် မြန်မာ့ဆ...
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%A1%E1%80%B1%E1%80%B8%E1%80%81%E1%80%BB%E1%80%99%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%9A%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%96%E...
ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံ
ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (အယ်‌လ်‌ဒီစီ သို့မဟုတ်‌ စတုတ္ထကမ္ဘာ့နိုင်‌ငံ) များသည် ကုလသမဂ္ဂ အဆိုအရ စီးပွားရေး၊ လူမှုရေးဖွံ့ ဖြိုးတိုးတက်နှုန်းအနိမ့်ဆုံး ညွှန်းကိန်းများသာရှိပြီး ကမ္ဘာ့နိုင်ငံများအား နှိုင်းယှဉ်ပြသသည့် လူသားဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်း အဆင့်သတ်မှတ်ချက်တွင် အနိမ့်ဆုံး၌ရှိသောနိုင်ငံများ ဖြစ်သည်။ မှတ်ကျ...
https://my.wikipedia.org/wiki/%E1%80%96%E1%80%BD%E1%80%B6%E1%80%B7%E1%80%96%E1%80%BC%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%E1%80%A1%E1%80%94%E1%80%AD%E1%80%99%E1%80%B7%E1%80%BA%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%20%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
စုစုပေါင်း ပြည်တွင်းထုတ်ကုန်
ဒေသနယ်‌မြေတစ်‌ခု၏ စုစုပေါင်း ပြည်တွင်းထုတ်‌လုပ်မှု သို့မဟုတ် "ဂျီဒီပီ (gross domestic product, GDP)" ဆိုသည်‌မှာ ယင်း၏ စီးပွားရေး အဆောက်‌အအုံကြီး၏ ပမာဏအား တိုင်းတာသည့်‌ စနစ်‌တစ်‌ခုဖြစ်‌သည်။ နိုင်‌ငံတစ်‌ခု၏ 'ဂျီဒီပီ' ဟုဆိုရာတွင် တိုင်းပြည်တစ်‌ခု၏ သတ်မှတ်‌သော ကာလတစ်‌ခုအတွင်း အပြီးသတ်‌ ထုတ်‌လုပ်ပြီးသော ကုန်‌ပစ္စည်းများနှင့...
https://my.wikipedia.org/wiki/%E1%80%85%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%20%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%91%E1%80%AF%E1%80%90%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA
မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး
မြန်မာနိုင်ငံသည်ယခင်က ပြင်ပနိုင်ငံများနှင့် အဆက်အသွယ် နည်းပါးခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေးမှာ ကောင်းကောင်းမွန်မွန်မရှိခဲ့ပေ။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတကာဆက်ဆံရေးကို စတင်နိုင်ခဲ့သော်လည်း ၂၀၁၇ တွင် ရိုဟင်ဂျာပြဿနာရပ်များကြောင့် အဆင်မပြေဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတ...
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8F%20%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC%E1%80%86%E1%80%80%E1%80%BA%E1%80%86%E1%80%B6%E1%80%9B%E1%80%B1%E1%80%B...
မြန်မာနိုင်ငံ၏ လူအခွင့်အရေး
မြန်မာနိုင်ငံ၏ စစ်အစိုးရအုပ်ချုပ်မှုသည် ယေဘုယျအားဖြင့် ကမ္ဘာပေါ်ရှိ အဆိုးဝါးဆုံး နှင့် အချုပ်ချယ်ဆုံး အစိုးရတစ်ခုအဖြစ် တကမ္ဘာလုံးမှ လက်ခံထားကြသည်။ နိုင်ငံတကာ မိသားစု နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများမှလည်း မြန်မာနိုင်ငံကို စဉ်ဆက်မပျက် စိုးရိမ်ကြောင့်ကြခဲ့ကြသည်။ ကမ္ဘာပေါ်တွင် လွတ်လပ်မှု ၂ဝဝ၄ ခေါ်သည့် လွတ်လပ်ခွင့် အိမ်၏...
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8F%20%E1%80%9C%E1%80%B0%E1%80%A1%E1%80%81%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%9B%E1%80%B1%E1%80%B8
မြန်မာနိုင်ငံ၏ အမည်များ
မြန်မာနိုင်ငံကိုမြန်မာဘာသာတွင် "မြန်မာ" သို့မဟုတ် "ဗမာ" ဟူ၍ ခေါ်ဆိုကြပြီး အင်္ဂလိပ်ဘာသာတွင် "Burma" (ဘားမား) သို့မဟုတ် "Myanmar" ဟု ခေါ်ဆိုကြသည်။ ၁၉၈၉ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အင်္ဂလိပ်အမည် "Union of Burma" မှ "Union of Myanmar" သို့ပြောင်းလဲခဲ့သည်။ ထိုသို့ပြောင်းလဲလိုက်မှုအပေါ် အငြင်းပွားမ...
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8F%20%E1%80%A1%E1%80%99%E1%80%8A%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (တရုတ် - (Simplified Chinese - 中华人民共和国); (Traditional Chinese - 中華人民共和國)၊ ဖျင်းယင်း - Zhōnghuá Rénmín Gònghéguó) သည် အရှေ့အာရှ၏ အကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့တတိယအကြီးဆုံးနိုင်ငံဖြစ်သည်။ တရုတ်ပြည်သည် လူဦးရေ သန်း ၁၄၀၀ ရှိပြီး လူဦးရေ အများဆုံးနိုင်ငံလည်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ Communist Par...
https://my.wikipedia.org/wiki/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0%E1%80%B7%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
ကောသလမင်း အိပ်မက် (၁၆)ချက်
ကောသလမင်း အိပ်မက်(၁၆)ချက် သည်ကား မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ကောသလမင်းကြီး မြင်မက်သော အိပ်မက်ဖြစ်သည်။ ထို အိပ်မက်ကို မိဖုရားကြီးအား ပြောပြရာ မိဖုရားကြီး တိုက်တွန်းချက်အရ ကောသလမင်းသည် မြတ်စွာဘုရားထံသို့ အိပ်မက်အကြောင်း သွားရောက်လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည် အနာဂတံဉာဏ်တော်ဖြင့် ဆင်ခြင်၍ နောင်အနာဂတ်ခေတ်တ...
https://my.wikipedia.org/wiki/%E1%80%80%E1%80%B1%E1%80%AC%E1%80%9E%E1%80%9C%E1%80%99%E1%80%84%E1%80%BA%E1%80%B8%20%E1%80%A1%E1%80%AD%E1%80%95%E1%80%BA%E1%80%99%E1%80%80%E1%80%BA%20%28%E1%81%81%E1%81%86%29%E1%80%81%E1%80%BB%E1%80%80%E1%80%BA
မျက်နှာ
မျက်နှာသည် ခေါင်း၏အရှေ့။ မျက်နှာမှာဆံ၊ နဖူး၊ မျက်စိ၊ နှာ၊ နား၊ ပါး၊ ပါးစပ်၊ နှုတ်ခမ်း၊ အပေါ်နှုတ်ခမ်း အထက်မှ အချိုင့် (philtrum)၊ သွား၊ အရေပြား၊ မေးစေ့ပါရှိသည်။ မျက်နှာပေးနှင့် မျက်ရိပ်မျက်ခြည် အတွက် သုံးသည်။
https://my.wikipedia.org/wiki/%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
ငါး (တိရစ္ဆာန်)
'ငါး သည် ရေတွင် နေထိုင်သော တိရစ္ဆာန်တစ်မျိုးဖြစ်ပြီး လေထုထဲရှိ အောက်ဆီဂျင်အစား ရေထဲမှ အောက်ဆီဂျင်ကို ပါးဟက် (ရေထဲတွင် အသက်ရှူနိုင်သော အင်္ဂါတစ်မျိုး) များကို သုံး၍ ရှူလေ့ရှိသည်။ ငါးအမျိုးအစားအမြောက်အမြားရှိသည်။ ငါးများတွင် ပုံမှန်အားဖြင့် အကြေးခွံ နှင့် ဆူးတောင်များ ရှိတတ်သည်။ ရေကန်များ မြစ်ချောင်းများတွင် နေထိုင်သော ရ...
https://my.wikipedia.org/wiki/%E1%80%84%E1%80%AB%E1%80%B8%20%28%E1%80%90%E1%80%AD%E1%80%9B%E1%80%85%E1%80%B9%E1%80%86%E1%80%AC%E1%80%94%E1%80%BA%29
က
က (ကကြီး / ka.gji: / ) သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးအနက် ပထမဆုံး ဗျည်းအက္ခရာဖြစ်သည်။ ကချင် ကချင်ပြည်နယ် ကချင်လူမျိုး ကဆုန် ကန် (ဗေဒင်) ကပ်ကလူ ကမ္ဘာဂြိုဟ် ကမ္ဘာမကြေ ကမ္ဘာ့အံ့ဖွယ်များ ကမ္ဘောဒီးယားနိုင်ငံ ကယားပြည်နယ်‌ ကယားလူမျိုး ကရကဋ် (ဗေဒင်) ကရင် ကရင်ပြည်နယ် ကရင်လူမျိုး ကရဝိက် ကလယ် ကသာ က...
https://my.wikipedia.org/wiki/%E1%80%80
ခ
ခ (ခခွေး) သည် ဒုတိယမြောက် မြန်မာဗျည်းအက္ခရာ ဖြစ်သည်။ ခညောင်း - ခညွတ် - ခဏချင်း ခဏတစ်ဖြုတ် ခဏပန်း ခနဲ (ဝင်း ~၊ ထိန် ~) ခနဲ့တဲ့တဲ့ ခနော်ခနဲ့ ခနောက်စိမ်း ခနောင်းခနဲ့ပင် ခနပ် (အိုးလက်ရိုက်) ခနွှဲ ခပေါင်းရေကြည်ပင် ခမည်းခမက် ခမည်းပေး- ခမည်းဖခင် ခမန်း (လုနီးနီး) ခမျာ ခယ - ခယဝယ ( ~ လုပ် -) ခယောင်းတော ခရာ - ခရာ (တူရိယာ) ခရာစော...
https://my.wikipedia.org/wiki/%E1%80%81
စ
စ (အသံထွက် စလုံး)သည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် ဆဋ္ဌမမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%85
ဆ
ဆ (အသံထွက် ဆလိမ်)သည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် သတ္တမမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%86
ဇ
ဇ (အသံထွက် ဇကွဲ)သည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် အဋ္ဌမမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%87
ည
ညသည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် ဒသမမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%8A
တ
တ (အသံထွက် တဝမ်းပူ) သည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် တစ်ဆယ့်ခြောက်လုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%90
ထ
ထ သည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် တစ်ဆယ့်ခုနစ်လုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ ထ - ထဘီ၊ ထမနဲ၊ ထမင်းကြမ်း ၊ထမင်းချိုး၊ ထမင်းဆုပ်ပင်၊ ထမင်းရည်၊ ထမင်းလုတ်၊ ထမင်းဦးပေါင်း၊ ထမုန်၊ ထရံအကာ ထာ - ထာဝစဉ်၊ ထာဝရ ထား - ထားဝယ်ဆောင်၊ ထားဝယ်မှိုင်းပင် ထိ - ထိကရုံးပင် ထီ - ထီပေါက်စဉ် ထီး - ထီး၊ ထီးချက်စောင့်နတ်သမီး၊ ထီးချက်တော်...
https://my.wikipedia.org/wiki/%E1%80%91
ဓ
ဓသည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် တစ်ဆယ့်ကိုးလုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%93
န
န (အသံထွက် နငယ်)သည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် နှစ်ဆယ်လုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%94
ပ
ပ (အသံထွက် ပစောက်) သည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် နှစ်ဆယ့်တစ်လုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ ပင့်ကူ ၊ ပျား ၊ ပုရစ် ၊ ပိုးကောင် ၊ ပုရွက်ဆိတ် ၊ ပိုးဖလံ၊ ပိုးလောက်လန်း၊ ပုလဲ၊ ပလုပ်တုတ်၊ ပါးကွက်၊ ပုဝါ၊ ပခုံး၊ ပရိသတ်၊ ပုလွေ၊ ပြောင်းဖူး၊ ပေတံ၊ ပုစဉ်း၊ ပုစဉ်းရင်ကွဲ၊
https://my.wikipedia.org/wiki/%E1%80%95
ဖ
ဖသည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် နှစ်ဆယ့်နှစ်လုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ {.ปang-stub}}
https://my.wikipedia.org/wiki/%E1%80%96
ဘ
ဘသည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် နှစ်ဆယ့်လေးလုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%98
မ
မသည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် နှစ်ဆယ့်ငါးလုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%99
ယ
ယသည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် နှစ်ဆယ့်ခြောက်လုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%9A
ရ
ရသည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် နှစ်ဆယ့်ခုနစ်လုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%9B
လ
လသည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် နှစ်ဆယ့်ရှစ်လုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%9C
ဝ
ဝသည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် နှစ်ဆယ့်ကိုးလုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%9D
သ
သသည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် သုံးဆယ်လုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%9E
အ
အသည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် နောက်ဆုံးဗျည်းအက္ခရာ ဖြစ်သည်။ အချို့သော ဂုဏ်ရည်ပြနာမဝိသေသနများရှေ့တွင် အ ထည့်၍ စိတ္တဇနာမ်အဖြစ် ပြောင်းလဲ သုံးစွဲသည်။ ဥပမာ ( အပူ၊ အချို စသည်) ပါဋ္ဌိ ဘာသာစကား မှ မြန်မာဘာသာစကားသို့မွေးစားထားသော စကားလုံးများတွင် ' အ' သည် အငြင်းသဘောကိုဆောင်သည် မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%A1
ဂ
ဂ (အသံထွက် ဂငယ်) သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးအနက် တတိယမြောက် ဗျည်းအက္ခရာဖြစ်သည်။ မြန်မာအက္ခရာ ဂဃနဏ ဂဏန်း ဂနာမငြိမ် ဂယက်ထ ဂရုစိုက် ဂရန်​​​​မြေ ဂဝံ​​​​ကျောက် ဂ​ဟေ ဂဠုန် ဂါထာ ဂါဝန် ဂါဝါရပြု ဂီတ ဂီတာ ဂီယာ ဂူ​ ​ဂေဇတ် ​ဂေဟာ ​ဂေါတမ ​ဂေါပက ​ဂေါ်ဒန်​ကျောက် ​ဂေါ်ပြား ​ဂေါ်ဖီထုပ် ​ဂေါ်ရခါး ဂို​ထောင် ဂိုး ​ဂေါက်သီး ဂုဏ...
https://my.wikipedia.org/wiki/%E1%80%82
င
င သည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် ပဉ္စမမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ ငှက်၊ ငှက်ပျောသီး၊ ငုံး ၊ ငုံးဥ၊ ငရုပ်သီး၊ ငရုပ်ဆုံ၊ ငရုပ်ကျည်ပွေ့၊ ငါး၊ ငှက်ကုလားအုပ်၊ ငရုပ်ကောင်း၊ ငါ ၊ ငါးဖယ်
https://my.wikipedia.org/wiki/%E1%80%84
မောင်
မောင်သည် မြန်မာလူငယ်အမည် ရှေ့တွင် အသုံးပြုသော စကားလုံး တစ်မျိုး (မြန်မာတို့သည် စကားပြော ယဉ်ကျေးစေရန်အတွက် အမည်ရှေ့၌ အခြားစကားလုံးများလည်း ထည့်သုံးသေးသည်) ဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ အမည် အဖြစ်လည်း သုံးသည်။ မောင်ဟူသော စကားလုံးသည် အဓိပ္ပာယ်အမျိုးမျိုး ရှိသည်။ ဤနေရာတွင် အမည်အသုံးပြုပုံကို ရှင်းပြမည်ဖြစ်သည်။ လူငယ်များအား ခ...
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
မိခင်
မိခင် သည် ကလေးတစ်ယောက်၏ အမေ မိဘဖြစ်သည်။ မိခင်ကို "တစ်စုံတစ်ယောက်" အားဂရုတစိုက် စောင့်ရှောက်သူ ဟူ၍လည်းပြန်ဆိုနိုင်သည်။ မိသားစု
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%81%E1%80%84%E1%80%BA
ဒေါ်
ဒေါ်သည် မြန်မာအမျိုးသမီးအမည်ရှေ့မှ လေးစားသမှုဖြင့် တပ်၍ခေါ်သော အမည်ဖြစ်သည်။ အင်္ဂလိပ်ဓလေ့တွင် မစ္စက် (Mrs) နှင့် အဓိပ္ပာယ်တူသည်။ မြန်မာ့ ယဉ်ကျေးမှု
https://my.wikipedia.org/wiki/%E1%80%92%E1%80%B1%E1%80%AB%E1%80%BA
ဗ
ဗသည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် နှစ်ဆယ့်သုံးလုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%97
ဂျပန်ဘာသာစကား
ဂျပန်ဘာသာစကား(နိဟွန်း-ဂို "Nihon-go" သို့ နစ်ပွန်ဂေါ့ "Nippon-go")(日本語) သည် အရှေ့အာရှရှိ ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် ရေးသားပြောဆို အသုံးပြုသော ဘာသာစကားတစ်ခုဖြစ်သည်။ တူညီသောဘာသာစကားမိသားစုမှ ဆင်းသက်လာသည့် တားကစ်ချ်၊ မွန်ဂိုလီယမ်း နှင့် ဂျပန်ဘာသာစကားတို့၏ မူလရင်းမြစ်ဖြစ်သည် အော်တာအစ်ဘာသာစကားဖြစ်သည်ဟု...
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%95%E1%80%94%E1%80%BA%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%85%E1%80%80%E1%80%AC%E1%80%B8
ဂဏန်း
ဂဏန်း သို့မဟုတ် နံပါတ် သင်္ချာ
https://my.wikipedia.org/wiki/%E1%80%82%E1%80%8F%E1%80%94%E1%80%BA%E1%80%B8
ဝန်ကြီးချုပ်
ဝန်ကြီးချုပ်သည် ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသည့် နိုင်ငံများတွင် အစိုးရ အုပ်ချုပ်ရေးအဖွဲ့တွင် ရာထူးအမြင့်ဆုံး ဝန်ကြီးဖြစ်သည်။ စနစ်အတော်များများတွင် ဝန်ကြီးချုပ်သည် ဝန်ကြီးအဖွဲ့ရှိ အခြားဝန်ကြီးများကို ရွေးချယ်နိုင်သလို ရာထူးမှ ဖယ်ရှားနိုင်သည်။ အစိုးရအတွင်း ဝန်ကြီးများအား ဌာနတစ်ခုမှ အခြားဌာနသို့လည်း ပြောင်းရွှေ့ခန့်...
https://my.wikipedia.org/wiki/%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA
ဌာနေ
ဌာနေ (ဇာတိမြေ) ဆိုသည်မှာ တစ်စုံတစ်ဦး၏ မွေးဖွားရာ နေရာ၊ မွေးရပ်နေရာ ဖြစ်သည်။ ယင်းနေရာကို ပုဂ္ဂိုလ်၏ အမည်၊ မွေးရက်တို့နှင့် တကွ တရားဝင် စာရွက်စာတမ်းများတွင် တွဲဖက် အသုံးပြုလေ့ရှိသည်။
https://my.wikipedia.org/wiki/%E1%80%8C%E1%80%AC%E1%80%94%E1%80%B1
ဓူဝံကြယ်
ဓူဝံကြယ် () ကို အယ်လ်ဖာ ယူမီ (α UMi)၊ အယ်လ်ဖာ အာဆာမိုင်နောရစ် (α Ursae Minoris) စသော အမည်များဖြင့် ရည်ညွှန်းခေါ်ဆိုကြပြီး အများအားဖြင့် မြောက်ဘက်ကြယ် (Northern Star) သို့ ဝင်ရိုးစွန်းကြယ်(Pole Star) စသည့် အမည်များဖြင့် လူသိများကာ တစ်ခါတစ်ရံတွင် လမ်းပြကြယ် (Lodestar) ဟုလည်း ခေါ်ဆိုကြသည်။ ဓူဝံကြယ်သည် အာရှာ မိုင်နာ (Ursa ...
https://my.wikipedia.org/wiki/%E1%80%93%E1%80%B0%E1%80%9D%E1%80%B6%E1%80%80%E1%80%BC%E1%80%9A%E1%80%BA
မြန်မာနိုင်ငံ
မြန်မာနိုင်ငံ ( သို့မဟုတ် Burma)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (Republic of the Union of Myanmar) သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ‌အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအို...
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
ပြင်သစ်နိုင်ငံ
ပြင်သစ် ( ) (တရားဝင်အမည်အားဖြင့် ပြင်သစ်သမ္မတနိုင်ငံ)သည် အနောက်ဥရောပရှိ ပြင်သစ် မက်ထရိုပိုလစ်တန် ဒေသနှင့် အခြား ပင်လယ်ရပ်ခြား ပိုင်နက်ဒေသများ ပါဝင်သော နိုင်ငံ ဖြစ်သည်။ ပြင်သစ် မက်ထရိုပိုလစ်တန် ဒေသသည် မြေထဲပင်လယ်မှ အင်္ဂလိပ်ရေလက်ကြားနှင့် မြောက်ဘက်ပင်လယ်ထိလည်းကောင်း၊ ရိုင်းမြစ်မှ အတ္တလန္တိတ်သမုဒ္ဒရာထိလည်းကောင်း ကျယ်ပြန...
https://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%9E%E1%80%85%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
ပါရီမြို့
ပါရီမြို့ (ပြင်သစ်: Paris)သည်ပြင်သစ်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ မြို့၏ဧရိယာသည် ၁၀၅ စတုရန်းကီလိုမီတာ ရှိပြီး လူဦးရေမှာ ၂၁.၅ သန်း ခန့်ရှိသည်။ စဲ(န်)မြစ်သည် ပါရီ၏မြို့ဟောင်းဧရိယာကို ပိုင်းဖြတ်ပြီး ၂ ပိုင်း (ဘယ်ကမ်းနှင့် ညာကမ်း) ခွဲထားသည်။ ပါရီသည် ပြင်သစ်၏ စီးပွားရေး၊ နိုင်ငံရေး နှင့် လူမှုရေး ဗဟိုဖြစ်...
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%9B%E1%80%AE%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
၂၀၀၀
ဇန်နဝါရီလ (၁) ရက်။ ဖေဖော်ဝါရီလ (၁) ရက်။ မတ်လ (၁၈) ရက်။ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဒဗ္ဗလင်မြို့ တော် လွတ်လပ်ရေးဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ဧပြီလ (၁) ရက်။ မေလ (၁) ရက်။ ဇွန်လ (၁) ရက်။ ဇူလိုင်လ (၁) ရက်။ ဩဂုတ်လ စက်တင်ဘာလ (၁) ရက်မှ ၁၄ ထိ။ ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယအကြိမ် ...
https://my.wikipedia.org/wiki/%E1%81%82%E1%81%80%E1%81%80%E1%81%80
၂၀၀၁
၂၀၀၁ ခုနှစ် မှတ်တမ်း ဇန်နဝါရီလ (၁) ရက်။ ဖေဖော်ဝါရီလ (၂၂) ရက်။ အသည်းနွမ်းခေါ်သံ(ခ)ရဝေရဝေ၊မင်းသားလေးလိုလွမ်းပြမယ်၊နှစ်ပါးသွားလေးကချင်ပြီ၊သူများနဲ့ညားတဲ့ငါ့ရည်းစား၊အချစ်ရှေ့နေ စသည့်သီချင်းများစွာဖြင့် အောင်မြင်မှုရရှိခဲ့သော တေးရေး၊တေးဆို မင်းအောင် အသက်(၄၄)နှစ်အရွယ်တွင် ကွယ်လွန်။ မတ်လ (၁၀) ရက်။ အဆိုတော်၊သရုပ်ဆောင် ...
https://my.wikipedia.org/wiki/%E1%81%82%E1%81%80%E1%81%80%E1%81%81
၂၀၀၂
ဇန်နဝါရီလ (၁) ရက်။ ဖေဖော်ဝါရီလ (၁) ရက်။ မတ်လ (၁) ရက်။ ဧပြီလ (၁) ရက်။ မေလ (၆) ရက်။ ကုလသမဂ္ဂ၏ လျှို့ဝှက်ယုံကြည်မှု ညှိနှိုင်းချက်အရ ဒေါ်အောင်ဆန်းစုကြည် အား နအဖအစိုးရက နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ်ပေးခဲ့။ ဇွန်လ (၁) ရက်။ ဇူလိုင်လ (၁) ရက်။ ဩဂုတ်လ (၁) ရက်။ စက်တင်ဘာလ (၁) ရက်။ အောက်တိုဘာလ (၁) ရက်။ နိုဝင...
https://my.wikipedia.org/wiki/%E1%81%82%E1%81%80%E1%81%80%E1%81%82
၂၀၀၃
ဇန်နဝါရီလ (၁) ရက်။ ဖေဖော်ဝါရီလ (၁) ရက်။ မတ်လ (၁) ရက်။ ဧပြီလ (၁) ရက်။ မေလ (၃၀) ရက်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စည်းရုံးရေးခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ဒီပဲယင်းမြို့နယ်အရောက်တွင် ကြံ့ဖွတ်စွမ်းအားရှင်များမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ဤဖြစ်စဉ်တ...
https://my.wikipedia.org/wiki/%E1%81%82%E1%81%80%E1%81%80%E1%81%83
၂၀၀၄
ဇန်နဝါရီလ (၁) ရက်။ ဖေဖော်ဝါရီလ (၁) ရက်။ မတ်လ (၁) ရက်။ ဧပြီလ (၁) ရက်။ မေလ (၁၇) ရက်။ ၁၉၉၆ ခုနှစ်၌ ယာယီအားဖြင့် ဆိုင်းငံ့ထားခဲ့သော အမျိုးသားညီလာခံကို ပြန်လည်ကျင်းပ။ ဇွန်လ (၁) ရက်။ ဇူလိုင်လ (၁) ရက်။ ဩဂုတ်လ (၁၄) ရက်။ တေးရေး၊တေးဆို ထူးအိမ်သင် ကွယ်လွန်။ စက်တင်ဘာလ (၁) ရက်။ အောက်တိုဘာလ (၂၂) ရက်။ အမျိုးသား...
https://my.wikipedia.org/wiki/%E1%81%82%E1%81%80%E1%81%80%E1%81%84
၂၀၀၅
ဇန်နဝါရီလ (၁) ရက်။ ဖေဖော်ဝါရီလ (၁) ရက်။ မတ်လ (၁) ရက်။ ဧပြီလ (၁) ရက်။ မေလ (၇) ရက်။ ရန်ကုန်မြို့၏ အချက်အချာကျသောသုံးနေရာဖြစ်သည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်ကုန်သွယ်မှုဗဟိုဌာန၊မရမ်းကုန်းမြို့နယ်ရှိ စီးတီးမတ်စင်တာနှင့် မြေနီကုန်းလမ်းဆုံရှိ ဒဂုံစင်တာတို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးသေဆုံးပြီ...
https://my.wikipedia.org/wiki/%E1%81%82%E1%81%80%E1%81%80%E1%81%85
၂၀၀၆
၂၀၀၆ ခုနှစ် မှတ်တမ်း ဇန်နဝါရီလ (၁) ရက်။ ဖေဖော်ဝါရီလ (၁) ရက်။ မတ်လ (၁) ရက်။ ဧပြီလ (၂၆) ရက်။ စာရေးဆရာ၊ အယ်ဒီတာ၊ ရုပ်ရှင် သရုပ်ဆောင် အောင်ပြည့် (ဦးခင်မောင်မြင့်) ညနေ ၆ နာရီခန့် ကွယ်လွန်။ မေလ (၁) ရက်။ ဇွန်လ (၁) ရက်။ ဇူလိုင်လ (၁) ရက်။ ဩဂုတ်လ (၁) ရက်။ စက်တင်ဘာလ (၁) ရက်။ အောက်တိုဘာလ (၂) ရက်။ နိုင်ငံတော်...
https://my.wikipedia.org/wiki/%E1%81%82%E1%81%80%E1%81%80%E1%81%86
၂၀၀၇
ဇန်နဝါရီလ (၁) ရက်။ ဖေဖော်ဝါရီလ (၁) ရက်။ မတ်လ (၁) ရက်။ ဧပြီလ (၂၆) ရက်။ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ(မြောက်ကိုရီးယား)နှင့် မြန်မာ နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ပြန်လည်ထူထောင်ခဲ့သည်။ မေလ (၁) ရက်။ ဇွန်လ (၁) ရက်။ ဇူလိုင်လ (၁၁) ရက်။ သရုပ်ဆောင် အကယ်ဒမီ ဒွေး ကွယ်လွန်ခဲ့သည်။ ဩဂုတ်လ (၅) ရက်။ စာရေးဆရာ...
https://my.wikipedia.org/wiki/%E1%81%82%E1%81%80%E1%81%80%E1%81%87
၂၀၀၈
ဇန်နဝါရီလ (၁) ရက်။ ဖေဖော်ဝါရီလ (၁၉) ရက်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း(၂ဝဝ၈) ကို ရေးဆွဲပြီးစီးခဲ့သည်။ မတ်လ (၁၀) ရက်။ တေးသံရှင် စိုင်းထီးဆိုင် ကွယ်လွန်။ ဧပြီလ (၇) ရက်။ စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်။ (၇) ရက်။ စာရေးဆရာကြီး ပခုက္ကူ ဦးအုံးဖေ ကွယ်လွန်။ မေလ (၂)-(၃) ရက်။ ဧရ...
https://my.wikipedia.org/wiki/%E1%81%82%E1%81%80%E1%81%80%E1%81%88
၂၀၀၉
ဇန်နဝါရီလ (၁) ရက်။ ဖေဖော်ဝါရီလ (၁) ရက်။ မတ်လ (၁) ရက်။ ဧပြီလ (၁) ရက်။ မေလ (၁၆) ရက်။ မြန်မာ့ဘောလုံး အသင်းပြိုင်ပွဲကို ဆုကြေးစားစနစ် (ပရော်ဖက်ရှင်နယ်)သို့ စတင်ပြောင်းလဲ။ ဇွန်လ (၂) ရက်။ သတင်းစာဆရာကြီး မောင်ဆုရှင် ကွယ်လွန်။ (၁၉) ရက်။ ကာတွန်းဆရာကြီး ဦးဖေသိန်း ကွယ်လွန်။ ဇူလိုင်လ (၁) ရက်။ ဩဂုတ်လ (၁၂) ရက်။ ...
https://my.wikipedia.org/wiki/%E1%81%82%E1%81%80%E1%81%80%E1%81%89
၂၀၁၀
ဇန်နဝါရီလ (၁) ရက်။ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေးဦးစီးကော်မတီ အစည်းအဝေး(၁/၂၀၁၀)သို့ တက်ရောက်အမှာစကားပြောကြားသည်။ (၂) ရက်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး၌ ကျင်းပသော ယင်း၏နှစ်ပတ်လည်အစည်းအဝေးနှင့် မြန်မာ့ရေထွက်ပစ္စည်းဈေးပွဲတော် (၂...
https://my.wikipedia.org/wiki/%E1%81%82%E1%81%80%E1%81%81%E1%81%80
ဟ
ဟသည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် သုံးဆယ့်တစ်လုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%9F